ကျိုက်လတ်-ဖျာပုံ ကားလမ်းဘေး (ယာဘက်)မြောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Jan 30,2022
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်တွင် စိုက်ပျိုးရေရရှိရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေမြောင်းများအား ပြန်လည် ပြုပြင် ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ကျိုက်လတ်-ဖျာပုံကားလမ်းမ (ယာဘက်) မြောင်းအား ပြန်လည် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။ အဆိုပါ လုပ်ငန်းများ သတ်မှတ်အချိန်အတွင်း သတ်မှတ်အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ဖူးပွင့်ခင် ကုမ္ပဏီက တူးဖော်လျက်ရှိပြီးခွင့်ပြု ရန်ပုံငွေကျပ် (၄၀.၂၆၀)သန်း အကုန်အကျခံကာ ကျိုက်လတ်-ဖျာပုံ ကားလမ်းမ (ယာဘက်) မြောင်း အား အလျား(၁၉၅၀၀)ပေ၊ မြေကြီးကျင်း (၁၂၇၉၀) ကျင်း၊ ထိပ်ဝအကျယ်(၁၈)၊ အောက်ခြေအကျယ်(၁၁)ပေ၊ ပျမ်းမျှအနက်(၃.၅)ပေ တူးဖော်ပေးခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်း များပြီးစီးပါကအကျိုးပြု စိုက်ပျိုးမြေဧက (၈၀၀)ဧကအတွက် စိုက်ပျိုးရေများ ပြည့်ဝစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။