အင်္ဂပူမြို့နယ် ပြည်သူ့ဆေးရုံတွင် လှူဒါန်းသည့်ပစ္စည်းများအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်
Jan 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးတွင် လှူဒါန်းသည့်ပစ္စည်းများအား လွှဲပြောင်းအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။ အင်္ဂပူမြို့နယ် ရှမ်းခေါင်းဗြဲကျေးရွာအုပ်စု ဥသျှစ်ကုန်းဇာတိဖွား ဆရာတော်များဖြစ်ကြသော ဦးဝိမလဗုဒ္ဓိ၊ ဦးပညာဝံသ၊ ဦးစန္ဒာဝရ၊ ဦးစက္ကပါလသိဒ္ဓိ၊ ဦးဇောတိကတို့၏ ခမည်းတော် မယ်တော်များဖြစ်ကြသော ဦးဖြူသီး + ဒေါ်ရွှေမိ၊ ဦးမောင်မိုး+ဒေါ်ညိမ်းပုတို့က အင်္ဂပူပြည်သူ့ဆေးရုံတွင် သုံးစွဲရန်ခွဲစိတ်ခန်း သုံး ခုတင် (၂) လုံး၊ ဝှီးချဲ (၂) ခု၊ ဘီဒို (၂) လုံး၊ ဆက်တီ (၁) စုံ၊ ရုံးသုံးစားပွဲနှင့် ကုလားထိုင်(၁)စုံလှူဒါန်းမှု အစုစုကိုအင်္ဂပူမြို့နယ်အသင်းမှ ကိုယ်စားပေးအပ်မည်ဖြစ်ကြောင်း သိရသည်။