ကျိုက်လတ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ မိုးစပါး စံကွက် ရိတ်သိမ်းပွဲကျင်းပ

ကျိုက်လတ်  နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပန်းဘဲစုကျေးရွာအုပ်စု၊ပန်းပဲစုကျေးရွာ ကွင်းအမှတ်(၁၁၈) ပန်းဘဲစုအရှေ့ကွင်း၊ ဦးပိုင်အမှတ် (၂၅+၂၆+၂၇+၄၅)၊ စုစုပေါင်း(၃၇.၁၁)ဧကရှိ တောင်သူ ဦးအေးသန်းစိုက်ပျိုးလုပ်ကိုင်သောမြေအတွင်းမှ စိုက်ပျိုးထားသည့် ဒေသစပါးမျိုးပေါ် ဆန်းရင်(သင့်) အဆင့်အတန်းကိုယ်စားပြုစံပြကွက်အား ယနေ့နံနက်၉နာရီခွဲ၌ ခရိုင်/ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာနတို့ ပူးပေါင်း၍ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်း‌အောင်နှင့် အဖွဲ့ဝင်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးသောင်းနိုင်ဦး၊ မြို့နယ် ဦးစီးမှူး ဦးကျော်သူလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊နှင့် မြို့နယ်ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး မိုးဦးကာလ စိုက်ပျိုးခဲ့သည့် ပေါ်ဆန်းရင်စပါးမျိုးအား တောင်သူများ နှင့်အတူစံကွက်ရိတ်သိမ်းပွဲကျင်းပခဲ့ကြောင်းနှင့်စပါးတစ်ဧကအထွက်တင်း (၅၂ဒဿမ၅၇တင်း) ထွက် ရှိကြောင်း သိရှိရသည်။

ဌေးဌေးလှိုင်