မြို့သစ် နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာအုပ်စာစောင်မိတ်ဆက်အစီအစဉ်ကို ယနေ့နံနက် (၁၀) နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်မိတ်ဆက်ကဏ္ဍတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင် ဆရာကြီး ဦးမြင့်ကြည်မှ မြဝတီရသစုံမဂ္ဂဇင်း အတွဲ(၆၇) အမှတ်(၁၂)စာအုပ်ပါ စာရေးဆရာ မိုးမြင့်သုခ (အမှိုက်လေး) ရေးသားထားသည့် “ယူတတ်ကြပါစေ”ဆောင်းပါးအားဖတ်ရှုလေ့လာ မှတ်သား၍ ဆောင်းပါးတွင်ပါဝင်သည့် စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်း၊ စာဖတ်ခြင်းဖြင့် တိုးတက်လာနိုင်မည့် အနာဂတ်အခြေအနေများအကြောင်း၊ ယခုခေတ်လူငယ်များ စာအုပ်စာပေများကို အထူးအလေးထားဖတ်ရှုလေ့လာကြရန် တိုက်တွန်းရေးသားသည့်အကြောင်း အရာများကို အကျယ်တဝင့် အသိပညာပေးမိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ထွေး