ပြည်ကြီးမဏ္ဍိုင် နိုဝင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၃)နေရာဖြစ်သည့် ကျန်းမာရေးဌာန (ပြည်ကြီး မဏ္ဍိုင်)၊ကျေးလက်ကျန်းမာရေးဌာနခွဲ(လေညာ)၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(တောင်ငယ်)တို့တွင်ကိုဗစ်-၁၉ ကာကွယ်ဆေးPhase (4) First Doses အားဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့နယ်တွင် Phase (1) First Doses(၇၀၀)ဦးနှင့်Second Doses (၆၂၈)ဦး၊Phase(2)First Doses (၃၃၉၀)ဦးနှင့်Second Doses (၂၉၄၈)ဦးထိုးနှံပေးနိုင်ခဲ့ပြီး၊Phase (3) First Doses(၂၀၃၅)ဦးထိုးနှံပေးပြီး ဖြစ်ရာ နိုဝင်ဘာ (၁၄)ရက်နေ့ထိSecond Doses (၂၅)ဦးအားထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ နိုဝင်ဘာ (၁၄) ရက်နေ့အထိ Phase (4) First Dosesထိုးနှံပြီးသူ(၅၉၀)ဦးနှင့် အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား/ ကျောင်းသူ(၆၀၈)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် အဆင်ပြေစေရေးအတွက်ပြည်ကြီးမဏ္ဍိုင်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းထိုက် အနီးကပ်ကြီးကြပ်မှုဖြင့် နယ်မြေခံတပ်ရင်းမှ ဗိုလ်မှူး အောင်သူမင်း၊ နယ်မြေရဲ စခန်းမှူး ရဲအုပ် ဘုန်းအောင်၊နယ်မြေမီးသတ်စခန်းမှ နယ်မြေမီးသတ် ဦးစီးမှူး မျိုးမင်းထွန်း နှင့် တပ်ဖွဲ့ဝင်များ၊ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်း အဖွဲ့များပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)