မာန်အောင် နိုင်ဝင်ဘာ ၁၅
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၁-ခုနှစ်၊ နိုဝင်ဘာလ (၂၈)နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ကလေးစာဖတ်ခန်း၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် မုန့်စားပြိုင်ပွဲကို ယနေ့နေ့လယ် ၁၂နာရီက ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲမစတင်မီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်ဝင်း က ပြိုင်ပွဲစည်းကမ်းချက်များကို ပြောကြားပြီး မူလတန်းအဆင့် ဒုတိယတန်းနှင့် တတိယတန်းမှ ကျောင်းသား/သူ (၁၀)ဦး က ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် မုန့်စားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသား/သူများ ဉာဏ်ရည်ထက်မြက်ပြီး တီထွင်ဖန်တီးနိုင်စွမ်း ရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့်ရှိစေရန်နှင့် စာဖတ်ပြီး ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သိန်းဖေ