စဉ့်ကိုင် ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှအသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတုတ္ထအသုတ်(ပထမ) အကြိမ်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ(၃၈၅၅)ဦးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဒုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ) ပလိပ်တိုက်နယ်ဆေးရုံ တွင်ဒေါက်တာသက်ကိုကိုလွင်(ရောဂါနှိမ်နှင်းရေး) ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး)တို့က ဦးဆောင်၍ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊ ပညာရေးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့၀င်များ၊ ပရဟိတအသင်းအဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်းကိုဗစ်-၁၉ကူးစက်ရောဂါကူးစက် ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှုလျော့နည်း စေရေးအတွက်သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့မှကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ ပရဟိတအဖွဲ့၀င်များနှင့် ပူးပေါင်းပြီးပြည်သူများ သိရှိလိုက်နာစေရန်၊ အသံချဲ့စက်များ၊ HandSpaker များဖြင့် လှည့်လည်ပြီးအသိပညာပေးနှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း ပိုးသတ်ဆေးများဖြန်းပေးခြင်း၊ ဒေသန္တရစည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန် ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထံက သိရသည်။
ညိုညိုဝင်း
(မြို့နယ် ပြန်/ဆက်)