ကျိုင်းတောင်း ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်( တောင်ပိုင်း ) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့သို့ လာရောက်ခိုလုံလျက်ရှိသော လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကျိုင်းတောင်းမြို့ စေတနာရှင်များမှ ငွေသားများ၊ စားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများကို ၎င်းတို့နေရပ်၌ သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သွားရောက်လှူဒါန်းပေးအပ်ရာတွင် မိုးနဲမြို့နယ် သံဃာနာယက၊ ကျိုင်းတောင်းမြို့ ပါဆာကျောင်းထိုင်ဆရာတော်၊ နမ့်ပါမုန်းကျောင်းထိုင်ဆရာတော်နှင့် တုန်ဟုန်းကျောင်းထိုင်ဆရာတို့မှ ဦးစီးဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပြည်သူလူထုတို့ပါဝင် လှူဒါန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်း လှူဒါန်းဆောင်ရွက်ရာတွင် ငွေသားတန်ဖိုး စုစုပေါင်း(၇)သိန်းကျော်ခန့်ရှိပါကြောင်းနှင့် စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းတန်ဖိုး စုစုပေါင်း သိန်း (၁၁၀)ကျော်ခန့်ရှိပါကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)