ဝက်လက် ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်က အခြေခံ အပ်ချုပ်စက်သင်တန်း ၂၀၂၁ - ၂၀၂၂ ခုနှစ် ၆ လ ဘဏ္ဍာရေး နှစ်အတွင်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်က အဖွင့် အမှာစကား ပြောကြားပြီး၊ ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးလှိုင် ကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အမျိုးသမီးများ အလုပ်အကိုင် ရရှိစေရန်နှင့် မိသားစု သက်မွေးဝမ်းကျောင်းအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်ကူပြုစေရန် အခြေခံ အပ်ချုပ်စက် သင်တန်းကို ရက် ၂၀ ကြာ ဖွင့်လှစ်ရာ၊ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာ အသီးသီးမှ သင်တန်းသူ ၁၀ ဦး တက်ရောက်ကြကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)