သတင်းများ

ဝါးခယ်မမြို့နယ်၌ ခရိုင်/မြို့နယ် တာဝန်ရှိသူများက အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/မကြီးများနှင့် တွေ့ဆုံ
Nov 15,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ခရိုင်/မြို့နယ်တာဝန်ရှိသူများက အခြေခံ ပညာကျောင်းများမှကျောင်းအုပ်ဆရာ/မကြီးများနှင့်‌တွေ့ဆုံပွဲကို အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းဒေါ်ပိုက်မိ ခန်းမတွင်ယနေ့မွန်းလွဲ (၁)နာရီကပြုလုပ်ခဲ့ကြောင်းသိရသည်။
ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၁၉၉၅၉၂ ဦးထိုးပေးနိုင်ပြီဖြစ်
Nov 15,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ နိုဝင်ဘာ  ၁၅ရက် နံနက်ပိုင်းအချိန်ထိ ၁၉၉၅၉၂ ဦးထိုးနှံပေးခဲ့ပြီဖြစ် ကြောင်း ၊ညောင်ဦးခရိုင်၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ကမာရွတ်မြို့နယ်အတွင်း သာယာလှပ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် သန့်ရှင်း‌ရေးများ ဆောင်ရွက်
Nov 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊‌ ကမာရွတ်မြို့နယ်အတွင်း သာယာလှပသန့်ရှင်းရေး အတွက်သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ အမှိုက်များ မြက်ချုံများရှင်းလင်းခြင်း၊ ရေမြောင်းများ၊ ရေစီးရေလာကောင်မွန်စေရေး၊ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်မွန် စေရေး ဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းကမြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများမှ ဆောင်ရွက် ခဲ့ကြောင်းသိရှိရသည်။
နာဂဒေသ၊ ပန်ဆောင်မြို့၌ မျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ
Nov 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပန်ဆောင်မြို့ရှိ ပရဟိတဘောလုံးအသင်းတို့ ပူးပေါင်းကျင်းပသည့် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် က နီဟိရပ်ကွက်ရှိ အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်‌ ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး
Nov 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ဝမ်ဆန်းကျေးရွာအုပ်စုနှင့် ဝန်ပမ်းကျေးရွာအုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့​သည်။
GAP နည်းစနစ်ဖြင့် စိုက်ပျိုးသည့် ရွှေနီသင်္ဘောသီးများ ဈေးကွက်ဝင်ကာ အောင်မြင်ဖြစ်ထွန်း
Nov 15,2021
ဗီတာမင်များစွာ ပြည့်ဝပါရှိသော စားသုံးသီးပင်အနေနှင့်သာမက ဆေးဖက်ဝင်အပင်အဖြစ် အသုံးဝင်သော ရွှေနီ(၁၆၈)သင်္ဘောပင်ကို ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကိုးရွာသပြေကုန်း၊ စက်စက်ယိုစိုက်ကွင်း၌ ရွှေဖူးစိုက်ပျိုးရေးလုပ်ငန်းစုက မက္ကဆီကိုမှ မူရင်းမျိုးစေ့ယူကာ ထိုင်ဝမ်မှမျိုးစေ့ထုတ်၍ GPA နည်းစနစ်ဖြင့် အကောင်အထည်ဖော် စိုက်ပျိုးလျက်ရှိပြီး သင်္ဘောပင်များ ဈေးကွက်ဝင်အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ပင်းတယမြို့နယ်အတွင်းရှိ MCCT အစီအစဉ်၏အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Nov 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ကိုယ်ဝန် ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ပေးအပ်ခြင်း (Maternal and Child Cash Transfer Programme- MCCT) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၂၅၈၆၃ ဦးရှိပြီဖြစ်ကာ ဆေးထိုးရန်ကျန်ရှိနေသူများအား ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 15,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၂၅၈၆၃ ဦး ရှိပြီဖြစ်ကာ တတိယအသုတ် (ဒုတိယ)အကြိမ် ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသေးသည့် ပြည်သူများကိုလည်း ယနေ့နံနက် ၉ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမဆောင်တွင် ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးလျှက်ရှိသည်။