ဝါးခယ်မ နိုဝင်ဘာ၁၅
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ခရိုင်/မြို့နယ်တာဝန်ရှိသူများက အခြေခံ ပညာကျောင်းများမှကျောင်းအုပ်ဆရာ/မကြီးများနှင့်တွေ့ဆုံပွဲကို အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းဒေါ်ပိုက်မိ ခန်းမတွင်ယနေ့မွန်းလွဲ (၁)နာရီကပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီးမောင်မောင်စိုး၊ ခရိုင်ပညာရေးမှူး ဦးစသိန်းကျော်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးတင်မြိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံ ပညာသင်ကျောင်းများမှ ကျောင်းအုပ် ဆရာ/ဆရာမကြီးများ တက်ရောက်ခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးစသိန်းကျော်က ဝါးခယ်မမြို့နယ်အတွင်း အခြေခံပညာသင်ကျောင်း စုစုပေါင်း(၃၃၈) ကျောင်းရှိရာ တက်ရောက်မှု (၆၀)ရာနှုန်းကျော်ဖြစ်သဖြင့် အတိုင်းအတာတစ်ခုထိ အောင်မြင်မှုရှိပါကြောင်း၊ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များနှင့် ဆရာ/မများအနေဖြင့် ကျောင်းသား/သူများ ရာနှုန်းပြည့် တက်ရောက်လာနိုင်ရေးအတွက် ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ တိုက်တွန်းမှုများပြုလုပ်ရန် လိုအပ်ကြောင်းနှင့်မြို့နယ် ပညာရေးမှူးဒေါ်သန္တာအောင်က စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများကို အကျယ်တဝင့် ပြောကြားခဲ့ကြောင်း သိရသည်။
စောသန္တာဦး