ပင်းတယ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ကိုယ်ဝန် ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ပေးအပ်ခြင်း (Maternal and Child Cash Transfer Programme- MCCT) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ ငွေများကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ ပင်းတယမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြရာ ကိုယ်ဝန်ဆောင် မိခင်များက လက်ခံရယူခဲ့ကြပြီး ဒေသစီမံအုပ်ရေးအဖွဲ့ နိဂုံးချုပ်အမှာစကားပြောကြာင်း သိရ သည်။
ပင်းတယမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၈၂၁)ဦး နှင့် ၄င်းတို့မှ မွေးဖွားလာသော (၂)နှစ် အောက် ကလေးငယ်(၈၅၄)ဦး စုစုပေါင်း(၁၆၇၅)ဦးအတွက် ထောက်ပံ့ကြေးငွေ (၇၅၃၇၅၀၀၀) ကျပ် ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
ပင်းတယ(ဒေသပြန်/ဆက်)