ညောင်ဦး နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ နိုဝင်ဘာ ၁၅ရက် နံနက်ပိုင်းအချိန်ထိ ၁၉၉၅၉၂ ဦးထိုးနှံပေးခဲ့ပြီဖြစ် ကြောင်း ၊ညောင်ဦးခရိုင်၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်း မြို့နယ်တွင် သတ်မှတ်စုရပ်(၁၂)နေရာ၊ ညောင်ဦးမြို့နယ်တွင်သတ်မှတ်စုရပ် နေရာ(၁၂)နေရာ ဖြင့်ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျှက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၅၂၄၃၅ ဦး၊ Sinopharm ဒုတိယအကြိမ် ၃၃၂၂၀ဦး၊ Sinovac ပထမအကြိမ် ၃၁၀၆ ဦး၊ Sinovac ဒုတိယအကြိမ် ထိုးပေးနိုင်မှု ၁၂၀၀ ဦး၊ စုစုပေါင်း ၈၉၉၆၁ ဦးထိုးနိုင်ပေးခဲ့ပြီဖြစ်ကာ၊ ကျောက်ပန်းတောင်း မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးပေးနိုင်မှု ၆၄၉၀၃ဦး၊ ဒုတိယအကြိမ် Sinopharm ထိုးပေးနိုင်မှု ၄၀၂၃၄ဦး၊ Sinovac ပထမအကြိမ် ထိုးပေးနိုင်မှု၄၄၉၄ဦး ထိုးပေး နိုင်ခဲ့ပြီဖြစ်ကာပေါင်း၁၀၉၆၃၁ဦးညောင်ဦး၊ ကျောက်ပန်းတောင်းပေါင်း ၁၉၉၅၉၂ဦးထိုးနိုင်ပေး နိုင်ပြီဖြစ်ကြောင်း ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ဝေးလံသည့် ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေး လက်ရှိကြောင်း ညောင်ဦးခရိုင်၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံကသိရသည်။
ကိုထိန်၊KPD