ကမာရွတ်မြို့နယ်အတွင်း သာယာလှပ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် သန့်ရှင်း‌ရေးများ ဆောင်ရွက်

ရန်ကုန် နိုဝင်ဘာလ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊‌ ကမာရွတ်မြို့နယ်အတွင်း သာယာလှပသန့်ရှင်းရေး အတွက်သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ အမှိုက်များ မြက်ချုံများရှင်းလင်းခြင်း၊ ရေမြောင်းများ၊ ရေစီးရေလာကောင်မွန်စေရေး၊ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်မွန် စေရေး ဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းကမြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများမှ ဆောင်ရွက် ခဲ့ကြောင်းသိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သန့်ရှင်းရေး၊ လမ်းတံတား၊ ရေစီးရေလာနှင့် ပန်းဥယျာဉ်အဖွဲ့တို့ ပူးပေါင်း၍ ကမာရွတ်မြို့နယ် အင်းစိန်လမ်းမကြီး​ပေါ်ရှိ​ လမ်းသားပေါ်သို့ ကိုင်းကျနေသောသစ်ကိုင်းများ မြက်ချုံများ ရှင်းလင်းခြင်း ရေမြောင်းများ၊ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်မွန်စေရေးတို့အတွက် ရှင်းလင်းခြင်းများဆောင်ရွက်ပြီး၊ အမှိုက်သိမ်းယာဉ် များဖြင့်စနစ်တကျ သိမ်းဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)