ပန်ဆောင် နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပန်ဆောင်မြို့ရှိ ပရဟိတဘောလုံးအသင်းတို့ ပူးပေါင်းကျင်းပသည့် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် က နီဟိရပ်ကွက်ရှိ အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် အားကစားပြိုင်ပွဲတွင် နန်းယွန်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အား/ကာမှူး ဦးချင်းမောင် က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို လည်းကောင်း၊ ပရဟိတ ဘောလုံးအသင်းမှ ဦးအောင်ဆန်း က ပြိုင်ပွဲနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ဒိုင်အဖွဲ့ကိုယ်စား ဒိုင်အဖွဲ့ခေါင်းဆောင် ဦးရိုက်ကင် (ပရဟိတအသင်း)က ပြိုင်ပွဲစည်းကမ်းများကို လည်းကောင်း ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲကိုစတင်ကျင်းပခဲ့ရာအဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၆) သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)