ကျောက်ဖြူ နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၂၅၈၆၃ ဦး ရှိပြီဖြစ်ကာ တတိယအသုတ် (ဒုတိယ)အကြိမ် ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသေးသည့် ပြည်သူများကိုလည်း ယနေ့နံနက် ၉ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမဆောင်တွင် ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးလျှက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန် ထမ်းများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် အသက် ၁၈ နှစ်အထက်ရှိသူများ၊ ရဟန်းသံဃာတော်များ၊ ဘိုး/ဘွားများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူများကို သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေးသည်။
ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား သတ်မှတ်စုရပ်နေရာအသီးသီး၌ ထိုး နှံပေးလျက်ရှိပြီး နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ပထမအသုတ်တွင် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသူ ၅၃၁၉ ဦး၊ ဒုတိယအသုတ်တွင် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူ ၁၆၁၂၇ ဦးနှင့် တတိယအသုတ်တွင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၄၄၁၇ ဦး၊ စုစုပေါင်း ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့်ပြည်သူ ၂၅၈၆၃ ဦးရှိပြီဖြစ်ကာ တတိယအသုတ်(ဒုတိယအကြိမ်) ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း