လဲချား နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ဝမ်ဆန်းကျေးရွာအုပ်စုနှင့် ဝန်ပမ်းကျေးရွာအုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ``ပြည်သူ့ဘဝပြည့်စုံဖို့နိုင်ငံသားကတ် ကိုင်ကြစို့ ´´ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဒု-လဝကမှူး ဦးကောင်းထက်နိုင်နှင့် ဝန်ထမ်းများက ဝမ်ဆန်းကျေးရွာ ကျေးရွာ အုပ်စုနှင့် ဝမ်ပန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ် မပြုလုပ်ရသေးသူ အသက်(၁၈) နှစ်အထက်(၃၂)ဦးတို့ကို ကွင်းဆင်းဆောင်ရွက်ပေး ခဲ့သည်။ လဲချားမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း လုပ်ငန်းများကို ကျေးရွာအုပ်စုများအလိုက်အဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။
လွှမ်းသူနောင် (လဲချား)