သတင်းများ

မအီမြို့၊ အခြေခံပညာအလယ်တန်းကျောင်း (ပြင်ဝန်း)သို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိ
Feb 10,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မအီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်း‌ ကျောင်း (ပြင်ဝန်း)သို့ သွား‌ရောက် ငှားရမ်းပေးခဲ့သည်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲယှဉ်ပြိုင်
Feb 10,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်အမှတ် ကျပန်းစကား ပြောပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း ရွှေဘန်းခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည်။
ရပ်စောက်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ဆောင်ရွက်
Feb 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထန်းတပင်မြို့နယ်၌(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဗဟုသုတဉာဏ်စမ်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Feb 10,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲကျင်းပခြင်းနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုပုံပြောပြိုင်ပွဲ ကျင်းပ
Feb 10,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို ပုံပြောပြိုင်ပွဲ ကျင်းပသည်။
ဟင်္သာတခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ပြုလုပ်ကျင်းပ
Feb 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပ
Feb 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဂန့်ဂေါမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အ.ထ.က(ဂန့်ဂေါ)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ(၄၀)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်
Feb 10,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အ.ထ.က(ဂန့်ဂေါ)ကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အသက်(၁၀)နှစ်အထက် ကျောင်းသား/သူ(၄၀)ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်း ကို ကွင်းဆင်း ဆောင်ရွက်နေကြောင်း သိရသည်။