ပန်းတနော် ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆန်းဗိုလ်က မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကူးစက်မှုများ ပြန့်နှံ့လာပြီဖြစ်သဖြင့် စျေးများနှင့် မြို့အဝင်စစ်ဆေးရေး ဂိတ်တို့တွင်ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်း(Mask)များ မဖြစ်မနေ တပ်ဆင်သွားလာနိုင်ရေး အသိပညာ ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမဖြစ်မနေလာရောက် ထိုးနှံကြရေး အသိပေးနှိုးဆော်ချက်များ ဆက်လက် လုပ်ဆောင်သွားရန်၊ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားမှု ကတ်ပြားများပါရှိရေး စစ်ဆေးမှုများ ကြပ်မတ်ဆောင်ရွက် သွားရန်စသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင် များက ဆောင်ရွက်ရမည့် လုပ်ငန်းနှင့်ပတ်သတ်၍ သိရှိလိုသည်များအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)