ဂန့်ဂေါမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အ.ထ.က(ဂန့်ဂေါ)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ(၄၀)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်

ဂန့်ဂေါ ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အမှတ်()ရပ်ကွက်ရှိ ..က(ဂန့်ဂေါ)ကျောင်းတွင် ယမန်နေ့ နံနက် နာရီခွဲအချိန်က အသက်(၁၀)နှစ်အထက် ကျောင်းသား/သူ(၄၀)ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်း ကို ကွင်းဆင်း ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာတွင် ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ၏  အရေးပါမှုများကို စုံစုံလင်လင်ပြောကြားခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ကြရာတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြရန် ပြောကြားသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဂန့်ဂေါမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်လဝကမှူး ဦးမင်းစိန်ဦးနှင့် ဝန်ထမ်းများက အိမ်ထောင်စုစာရင်းရှိ၍ ကိုင်ဆောင်လက်မှတ် မရှိသေးသော အသက်(၁၀)နှစ်အထက် ကျောင်းသား()ဦး၊ ကျောင်းသူ(၁၇)ဦးနှင့် ..က(ကျောတိုက်)ကျောင်းမှ အသက်(၁၀)နှစ် အထက် ကျောင်းသား ()ဦး၊ ကျောင်းသူ(၁၀)ဦး စုစုပေါင်း (၄၀)ဦးတို့အား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်() ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်၊ ဂန့်ဂေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်() ဗိုလ်မှူးသက်နိုင်အေး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းနိုင်နှင့် မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းတို့ တက်ရောက်ကြပြီး  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)