ပေါက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ ( Talk Show) ပြုလုပ်

ပေါက် ဖေဖော်ဝါရီ ၁၀

ကိုဗစ်-၁၉ကာလတွင် အများပြည်သူအသိပညာ ဗဟုသုတရရှိစေရန်အတွက် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပေါက်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ခင်သန်းဆင့်က မြို့နယ်ရုံး Oneline Page မှ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေမှုနဲ့ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာကျော်က ပြည်ထောင်စုနေ့ဆိုတဲ့ ဝေါဟာရအကြောင်း၊ မြန်မာနိုင်ငံဟာ ဗြိတိသျှလက်အောက်ကိုကျရောက်ပြီး သူ့ကျွန်ဘဝဖြစ်ခဲ့ပုံအကြောင်း၊ အောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုခဲ့ပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသကိုယ်စားလှယ်(၂၃)ဦး လက်မှတ်ရေးထိုးပြီး ပင်လုံစာချုပ်ကြီးချုပ်ဆိုဖြစ်ခဲ့ပုံနှင့် တိုင်းရင်းသားပေါင်းစုံရဲ့ သွေးစည်းညီညွတ်မှုကို ပြသခဲ့တဲ့ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံတို့ကို ဆွေးနွေးပြောကြားခဲ့ကြသည်။

ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Online မှတစ်ဆင့် ပြည်သူများအား အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)