ညောင်တုန်းမြို့နယ်အတွင်းရှိ ရန်ကုန်-ပုသိမ်အမြန်လမ်းမတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ညောင်တုန်း ဖေဖော်ဝါရီ  ၁၀

ဧရာ၀တီတိုင်းဒေသကြီး၊​ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေး၊ ပြည်သူများ အမှိုက်များစည်းကမ်းတကျစွန့်ပစ်ရေးနှင့် လမ်းဘေးဝဲယာတွင် အမှိုက်များ မစွန့်ပစ်ရေးတို့အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ၊ဦးဆောင်၍ ယမန်နေ့ ညနေ ၄နာရီ အချိန်က ရန်ကုန်-ပုသိမ်အမြန်လမ်းမ တစ်လျှောက် လမ်းဘေးဝဲယာများတွင်စု ပေါင်းသန့်ရှင်းရေး အမှိုက်များရှင်းလင်းခြင်းပြုလုပ်ခဲ့သည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး အမှိုက်များရှင်းလင်းခြင်း ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ လမ်းအထူး(၂၁)ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများနှင့် အမြန်လမ်းဘေးရှိ ကျေးရွာ(၁၀) အုပ်စု မှပြည်သူများက လမ်းဘေးဝဲယာရှိ စွန့်ပစ်အမှိုက်များ စု‌ပေါင်းရှင်းလင်းခြင်းနှင့် အမြန်လမ်းတစ်လျှောက် အမှိုက်မပစ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)