ကရသူရိ ဖေဖော်ဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့အတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများအား ထိုးနှံပေးခြင်းကို ယမန်နေ့က ကျေးရွာများသို့ ဆက်လက်၍ ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သတ်မှတ်ရက်အတွင်း အပြီးစီးထိုးနှံနိုင်ရေးမြို့ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်/စာရေးများနှင့် သက်ဆိုင်ရာအဖွဲ့ များဖြင့် ကျေးရွာအသီးသီးသို့ ကွင်းဆင်းဆောင်ရွက်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများ၊ ပထမအကြိမ်ထိုးနှံရန် ကျန်ရှိနေသူများနှင့် ဒုတိယ အကြိမ်ဆက်လက်ထိုးနှံရမည့်သူများအား ကွင်းဆင်းထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)