ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင်စာဖတ်ဝိုင်းကျင်းပ

ကွမ်းခြံကုန်း  ဖေဖော်ဝါရီ   ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့ဝင်များနှင့် (Women Club) ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူများ အသင်း (Youth Club) ဥက္ကဋ္ဌဦးကျော်သူဟိန်းက စာရေးဆရာကောင်းမြတ် ရေးသားထားသည့် ပွင့်သောပန်းတိုင်းမွှေးစေလိုစာအုပ်ထဲမှာပါဝင်သည့်  စည်းကမ်းမလိုက်နာတတ်တဲ့ကလေး၊လေ့လာသင်ယူမှုအားနည်းတဲ့ကလေး၊အများအာရုံစိုက်မှုခံလို့တဲ့ကလေးခေါင်းစဥ်ပါစသည့်အကြောင်းအရာများကိုတက်ရောက်လာသည့်စာပေချစ်သူများနှင့် အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

ကွမ်းခြံကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့်ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online pageမှတဆင့်စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် စာအုပ်များငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ကျင်းပပြုလုပ်ပေးခြင်း (Talk Show)နှင့် စာဖတ်ဝိုင်းများကိုလည်း စဥ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေနွယ်