တံတားမြို့၌  နှာခေါင်းစည်းတပ်ဆင်ရေး (Mask Campaign) ပြုလုပ်

တံတား ဖေဖော်ဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက တံတားမြို့ စည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ နှာခေါင်းစည်း တပ်ဆင်ရေး ပညာပေး Mask Campaign ပြုလုပ်ခြင်းကို တံတားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်မြတ်သင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မိမြို့ဖများ   ပူးပေါင်း၍ ဒေသခံပြည်သူများကို မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုများ ရှိနေပြီဖြစ်ရာ မိမိတို့မြို့နယ်အတွင်းသို့ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်း ကျဆင်းရေးအတွက် ဈေးသည်/ဈေးဝယ်များ နှာခေါင်းစည်းစနစ်တကျ တပ်ဆင်၍ ဈေးရောင်း/ ဈေးဝယ်ပြုလုပ်ရေး၊ မြို့တွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်၊ လက်ဖက် ရည်ဆိုင်များအား ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့် အညီ ရောင်းချရေး၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ရေး စသော အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီးနောက် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူများကို နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း၊ တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                                                                     

မိုးဖြူလွင်( ပြန်/ဆက်)