အင်းစိန်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံနှံမှုမရှိစေရေး ကိုဗစ်-၁၉ ညွှန်ကြားချက်များအား အသိပညာပေးလှည့်လည်နှိုးဆော်

အင်းစိန်မြို့နယ်   ဖေဖော်ဝါရီ   ၁၅

ရန်ကုန်မြောက်ပိုငိးခရိုင် အင်းစိန်မြို့နယ်၌ ယမန်နေ့ညတွင် စော်ဘွားကြီးကုန်းရပ်ကွက်အတွင်း နေသူများအား ကိုဗစ်၁၉ မျိုးဗီဇပြောင်း အိုမီခရွှန်ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် ကိုဗစ် ၁၉ ညွှန်ကြားချက်များအား ရပ်ကွက်နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် (Hand Speaker) ဖြင့် လိုက်လံလှည့်လည်နှိုးဆော်ခဲ့သည်။ လှည့်လည်နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ယခုအခါတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြာင်းအိုမီခရွန် (Omicrom) စတင်ကူးစက်ပြန့်နှံ့နေပြီး အင်းစိန်မြို့နယ်အတွင်းတွင်လည်း Positive တွေ့ရှိပြီဖြစ်၍ မိမိတို့ရပ်ကွက်အတွင်းသို့ ကူးစက် ပြန့်နှံ့မှုမရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာရပါက နှာခေါင်းစည်း (masks) စနစ်တကျ တပ်ဆင် ရန်၊ ပတ်ဝန်းကျင်ရှိလူများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာကာ (face shield) တပ်ဆင်ရန်၊ လက်ကိုစက္ကန့်(၂၀)ကြာအောင်ဆေးကြာရန်၊ လေဝင်လေထွက်ကောင်းသော အခန်းများတွင်နေ ရန်၊ (masks)မတပ်ဆင်သူများနှင့် အနီးကပ်ဆက်ဆံမှုမပြုရန်၊ (masks) မတပ်သူများအား တွေ့ပါက (masks) တပ်ဆင်ခိုင်းရန်၊ ရပ်ကွက်အတွင်းဖျားနာသူနှင့် ရောဂါကူးစက်မှုခံနေရသည့် သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းအတိုင်း နေထိုင်သွားလာရန် အဆက်မပြတ် အသိပေးလှည့်လည်နှိုးဆော်ကြောင်းသိရသည်။

အသိပေးလှည့်လည်နိုးဆော်ရာတွင် ရပ်ကွက်ရှိ တာဝန်ရှိသူများ မြို့နယ် ကိုဗစ်-၁၉‌ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကာ်မတီတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း ဆောင်ရွက်ကြကြောင်းသိရသည်။

နှင်းနှင်း (ပြန်ဆက်)