ချောင်းဦးမြို့  ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ သန့်ရှင်းရေး စုပေါင်းဆောင်ရွက်

ချောင်းဦး   ဖေဖော်ဝါရီ   ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်မှ ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက် နာရီက ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကြီး ပတ်ဝန်းကျင်နှင့် ဆေးရုံအတွင်း အပြင်သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ခေတ္တ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးကျော်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးချမ်းငြိမ်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ အမှုဆောင် အရာရှိနှင့် ဝန်ထမ်းများ၊ က ဝန်ထမ်းများ စုပေါင်းပြီး ဆေးရုံကြီး ပတ်ဝန်းကျင်ရှိ မြက်ရိုင်းများနှင့် အမှိုက်သရိုက်များအား ခုတ်ထွင်ရှင်းလင်း၍ ရေမြောင်းများ တူးဖော်ခြင်း၊ ဆေးရုံကြီးအတွင်း မီးသတ်ကားမှရေဖြင့် ဆေးကြော သန့်ရှင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူများ ထားရန်စီစဥ်ထားသည့် သံဃာဆေးရုံ အတွင်းနှင့်အပြင်ဖက်ကိုလည်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)