ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် Womew Club အဖွဲ့မှ စာဖတ်ဝိုင်းကျင်းပ

ဘုတ်ပြင်း   ဖေဖော်ဝါရီ   ၁၅

 တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က Womew Club အဖွဲ့မှ စာဖတ် စွမ်းရည်၊ အသိပညာဗဟုသုတနှင့် အတွေးအမြင်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဒို့ကျေးရွာ  အတွဲ(၁၉) အမှတ်()မှ   ဒေါက်တာမြင့်သန်းထွန်း ရေးသားသော  အချိုမှုန့်ခေါ်ဟင်းချိုမှုန့်နှင့် ကျန်းမာရေး၊ ပင်လယ်ပြာ(ငါးဦးစီး) ရေးသာသည့် ဆောင်းရာသီစာ စိမ်းစားဥနှင့် ကျန်းမာရေး ကောင်းကျိုးများ၊ လင်းလင်းမော်(ပြန်/ဆက်) ရေးသားသည့် ဆီးချိုသွေးချို ဝေဒနာရှင်များအတွက် လိုအပ်သော အစာအဟာရစသည့် ဆောင်းပါးဖြင့်  စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 အဆိုပါ စာဖတ်ဝိုင်းတွင်  Womew Club ဥက္ကဋ္ဌ ဒေါ်အေးပိုက နေ့စဉ်မိမိတို့အနေဖြင့်  အိမ်တွင်း မီးဖိုချောင်၊ စားသောက်ဆိုင်များတွင်သာမက လမ်းဘေးစားသောက်ဆိုင်များတွင် အစားသောက်များ ချက်ပြုတ် စားသောက် ရသော်လည်း  အချိုမှုန့်နှင့်ပတ်သက်ပြီး နောက်ဆက်တွဲ ဆိုးကျိုးပေးနိုင်သည့် ကျန်းမာရေးနှင့် ပတ်သက်သည့် ဆောင်းပါး ပါအကြောင်းအရာများကိုလည်ကောင်း၊ ဒေါ်မိုးမိုးလွင်က စိမ်းစားဥ စားသုံးခြင်းဖြင့်က စီဓာတ်၊ ပရိုတင်း၊ သဘာဝအဆီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ကော့ပါး၊ သံဓာတ်၊ ဇင့်၊ သတ္တုဓာတ်စသည့် ဓာတ်ပေါင်းစု ပါဝင်နေပြီး  စိမ်းစားဥ စားသုံးခြင်းဖြင့် ကျန်းမာရေးနှင့်ပတ်သက်သည့် ဆောင်ပါးပါ အကြောင်းအရာမျးကို လည်းကောင်း၊ ဒေါ်ဇင်မေဝင်းက ဆီးချိုသွေးချို ဝေဒနာရှင်များအတွက် အစားအဟာရ စားသောက်ရာတွင်လည်း ရှောင်ရန်၊ဆောင်ရန် စားသုံးရမည့်အစာအာဟာရ နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး  Womew Club အဖွဲ့ဝင်များက စာပေဖတ်ရှုခြင်းဖြင့် ကျန်းမာရေးဆိုင်ရာများအပြင် အသိပညာဗဟုသုတများနှင့် မိမိတို့၏အတွေး အမြင်များကို ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

မြို့နယ်