“၁၀၁” နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ဇေယျာသီရိ   နိုဝင်ဘာ  ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနက “၁၀၁” နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို နန်းဩကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယနေ့မွန်းလွဲပိုင်းကကျင်းပခဲ့ ကြောင်းသိရသည်။                                                                       

ဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့်  ဒုတိယဦးစီးမှူး ဒေါ်မြစန်းရီတို့က ကျောင်းသား/ကျောင်းသူ များအား အသိပညာဗဟုသုတတိုးပွားစေရန် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသား အောင်ပွဲနေ့သမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့သန္ဒိဋ္ဌာန်၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များကို ကလေးငယ်များအား ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက် လာသည့် ကျောင်းသား/သူကလေးငယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များအား ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)