ဝမ်းတွင်း နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က အခြေခံပညာကျောင်းများနှင့်လူစည်ကားရာ နေရာများတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုနှစ်ဖြန့်ဝေသော(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့လက်ကမ်းစာစောင်တွင် နိုင်ငံ သာယာဝပြောဖို့ တိုင်းရင်းသားအားလုံးစည်းလုံးညီညွှတ်စို့၊ အမျိုးသားအောင်ပွဲနေ့ သိကောင်းစရာ၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသောကျောင်းသားကြီး(၁၁)ဦးအကြောင်း၊ပညာရေးကဏ္ဍသည်အရေးကြီး၊အမျိုးသားရေးစိတ်ဓာတ်၊ဘုန်းရှင့်မြန်မာတို့မြန်မာကဗျာ၊၂၀၂၁ခုနှစ်(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊မျိုးချစ်စိတ်ဓာတ်ထိန်းသိမ်းအပ်ကိန်းဝပ်ရှင်သန်ဇာတိမာန်၊အမျိုးသားပညာရေးအကြောင်းသိကောင်းစရာအစရှိသည်တို့ပါဝင်ပြီးပြည်သူများအသိပညာပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ထုတ်ဝေဖြန့်ချီခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။
အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန၊ဦးစီးအရာရှိ(တာဝန်ပေး)ဦးမြင့်ဇော်နှင့် ဝန်ထမ်းများမှဆောင်ရွက်ခြင်းဖြစ်ပြီးသဲတော (အထက)၊ ဝမ်းတွင်း(အထက)၊သဲတောဈေး၊ဝမ်းတွင်းဈေးနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်းသိ ရသည်။
ကိုရဲ(ဝမ်းတွင်း)