ကသာမြို့နယ်၌ လူဦးရေပေါင်း (၁၉၉၀၅)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အထိ ထိုးနှံပြီးဖြစ်

ကသာ  ဒီဇင်ဘာ  ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ မြို့တော်ခန်းမ၌ မြို့နယ်အတွက် ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ပထမအကြိမ်နှင့် ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ကို ဒီဇင်ဘာလအတွင်း  ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလ()ရက်နေ့အထိတွင် မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအပါအဝင် လူဦးရေပေါင်း (၁၉၉၀၅)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အထိ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ကသာမြို့နယ်တွင် COVID Shield ကာကွယ်ဆေးကို လူဦးရေပေါင်း (၂၆၀၀)ဦးနှင့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ဒီဇင်ဘာလ ()ရက်နေ့အထိတွင် လူဦးရေပေါင်း (၁၇၃၀၅)ဦးတို့ကို ဒုတိယအကြိမ်အထိ ကာကွယ်ဆေးများ ထိုးနှံပြီးဖြစ်ကြောင်း၊ Sinovac ကာကွယ်ဆေးကို ဒီဇင်ဘာလ()ရက်နေ့အထိတွင် ကျောင်းသားကျောင်းသူပေါင်း (၂၃၇၂)ဦးအား ဒုတိယအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးရသေးသည့် ကျောင်းသား၊ကျောင်းသူများအား ပထမအကြိမ်ထိုးနှံခြင်းနှင့် ပထမအကြိမ်ထိုးနှံပြီးသည့် ကျောင်းသား၊ကျောင်းသူများအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ခရိုင်(ပြန်/ဆက်)