သတင်းများ

ဆီဆိုင်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မြန်ရောဂါနှင့် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း ဆောင်ရွက်
Dec 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်း များကို ယနေ့ နံနက်(၉)နာရီ (၃၀)မိနစ် အချိန်က ဆောင်ရွက်ခဲ့သည်။
နမ္မတူတွင် မသန်စွမ်းသူများအခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အများပြည်သူ အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်
Dec 14,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မသန်စွမ်းသူများ အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ် စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
ပခုက္ကူမြို့၌ တိုင်းရင်းသားရိုးရာဂျပ်ခုတ် သင်တန်းဆင်းပွဲကျင်းပ
Dec 14,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း၌ မြန်မာ့လက်ရက် ထည်များအပြင် တိုင်းရင်းသားရိုးရာဂျပ်ခုတ် နည်းပညာရပ်များ သင်ကြား ပို့ချပေးခြင်းဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Dec 14,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ စာပေကို ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုသည့် အလေ့အထများ ရှိလာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့မစျေးတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Dec 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးတွင် စျေးရောင်းချသူများနှင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်း ကော်မတီမှထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ စစ်ဆေး ခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ချောက်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 14,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ စွယ်ပေါက္ကံအုပ်စု၊ ထန်းခြောက်ပင် ကျေးရွာအသောက ဓမ္မဗိမာန်၌ ဒေသခံပြည်သူများသို့ ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့က ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
ကာမိုင်းမြို့၌ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာTalk Show အစီအစဉ်ကျင်းပ
Dec 14,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်းခွဲငယ်တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ Talk Show အစီအစဉ်ကို ဒီဇင်ဘာ (၁၄)ရက် နံနက်(၁၀)နာရီတွင် လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပခဲ့သည်။