သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign များ ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Dec 14,2021
ဆီဆိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိရာ ဒေသခံ တိုင်းရင်းသားပြည်သူများ နှာခေါင်းစည်းကို စနစ်တကျတပ်ဆင် အသုံးပြုသွားလာကြစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ယနေ့ နံနက် ၈နာရီခန့်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Dec 14,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရေဦး၌ မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရေး မြို့အ၀င်ဆိုင်းဘုတ်နှင့် ပန်းခြံအသစ်တည်ဆောက်
Dec 14,2021
စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့် ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် စည်ပင်သာယာရေး ဌာနမှ မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် အသက် (၁၈)နှစ် အထက်ပြည်သူ (၁၇၀)ဦး အား ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 14,2021
 ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၉)နာရီအချိန် ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး အသက် (၁၈)နှစ် အထက်ပြည် သူများအား ပထမအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေး ဝန်ထမ်း မျာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 14,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေး ဆိုင်ရာ အချက်များကို ရပ်ကွက်နှင့် ကျေးရွာ များသို့သွားရောက်၍ ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းအား ရှမ်း၊ မြန်မာ(၂)ဘာသာဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်
Dec 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးအသိပညာပေး  နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက တုံစင့်ကျေးရွာနှင့် စံဖိတ်ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် မိုးစပါမျိုးစေ့ထုတ်စိုက်ခင်းများ စံပြကွက်ရိတ်သိမ်း
Dec 14,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကြီးရွာမြစ်ရေတင်ဖြင့် စိုက်ပျိုးထားသော မိုးစပါမျိုးစေ့ထုတ် စံပြကွက် ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ‌ရွှေတန့်တစ် ကျေးရွာ၊ တောင်သူဦးမိုးကျော်၏ ကွင်းအမှတ်(၃၁၄)တွင် ပြုလုပ်သည်။
ဆီဆိုင်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မြန်ရောဂါနှင့် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။