နမ္မတူ ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မသန်စွမ်းသူများ အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ် စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး မြေစိုက်နံရံကပ်စာစောင်တွင် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံသားများ ခံစားခွင့်ရှိ သည့် လူအခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူများအားလုံး တန်းတူညီမျှအပြည့်အဝရရှိစေရေး၊ မသန်စွမ်းသူ အခွင့်အရေး များ၊ အခွင့်အရေးများ အကာအကွယ်ပေးခြင်း၊ အကျိုးခံစားခွင့်များ၊ မသန်စွမ်းမှုကို သင်ဘယ်လိုနားလည် ပါသလဲ၊ သူတို့ရဲ့ မသန်စွမ်းမှု၊ ချို့ယွင်းမှု၊ အတားအဆီးများ၊ ကိုယ်အင်္ဂါ၊ အမြင်အာရုံ အကြား အာရုံနှင့် ဉာဏ်ရည်မသန်စွမ်းသူများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရန် နည်းလမ်းများ၊ ကွာရန်တင်းစင်တာများတွင် မသန်စွမ်းသူများ သွားရောက်နေထိုင်ရပါက လိုက်နာရန်အချက်များ၊ ကွာရန်တင်းစင်တာမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများက မသန်စွမ်းသူများအား ပြုစု စောင့်ရှောက်ရန် နည်းလမ်းများ၊ မသန်စွမ်းသူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ အဖြစ် ဆေးရုံတက်ရောက်ကုသရပါက လိုက်နာရန်အချက်များနှင့် ကလေးအလုပ်သမား ပပျောက် ရေးအတွက် အန္တရာယ်ရှိသည့် အလုပ်မျိုးနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုခံရသည့် အလုပ်တို့ လုပ်ကိုင်နေရသည့် ကလေးငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှု ထိခိုက်နိုင်သည်များ၊ ကလေးများအတွက် အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည့် အလုပ် များ၊ လုပ်ငန်းပိုင်ရှင်များအနေဖြင့် ကလေးများကို ကာကွယ်စောင့်ရှောက်ရန် နည်းလမ်းများ၊ ကလေးများလုပ်သော အလုပ်နှင့် ကလေးငယ်များ၏ ပညာသင်ကြားခွင့်၊ ကျန်းမာရေး စောင့်ရှောက် မှု ခံယူပိုင်ခွင့်၊ မတော်မတရားပြုမှု၊ အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတို့မှ အကာ အကွယ် ပေးခံပိုင်ခွင့်၊ ပါဝင်ခွင့်၊ မြန်မာနိုင်ငံရှိ ကလေးသူငယ်နှင့် သက်ဆိုင်သည့်ဥပဒေများ၊ အလုပ်ရုံ နှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ စည်းကျပ်လျှက်ရှိသော ဥပဒေများ စသည့် အကြောင်းအရာများ ပါဝင်သည်။
နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် အသိပညာပေး မြေစိုက် နံရံကပ်စာစောင်ကို ရုံးရှေ့လူစည်ကားသည့် နေရာတွင် စိုက်ထူထားရှိပြီး အများပြည်သူ အသိပညာ ဗဟုတတိုးပွားစေရေးအတွက် လစဉ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများ၊ မြို့နယ်တွင်းဌာဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၏ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး ဆောင်ရွက်ချက်များနှင့် အများပြည်သူများ သိသင့်သိထိုက်သည့် အသိပညာပေး အကြောင်းအရာများအား စဉ်ဆက်မပြတ်လဲလှယ်ပြသ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)