ဆီဆိုင်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ဆီဆိုင် ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မြန်ရောဂါနှင့် ကိုဗစ်-၁၉ရောဂါ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက်  ယနေ့နံနက် ၁၀ နာရီက  မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်မှုမှ ကာကွယ်နိုင်ရန် အပြင်ထွက်တိုင်း Mask တပ်ရန်၊ လူစုလူများ ရှောင်ရှားရန်နှင့် မပြုလုပ်ရန်၊ အခြားသူများနှင့် ၆ ပေအကွာ ခပ်ခွာခွာနေပါ၊ လက်ကိုဆပ်ပြာနှင့် မကြာခဏဆေးကြောခြင်း၊ လက်သန့်ဆေးရည် ဖြင့် လက်ကိုသန့်စင် ခြင်းများပြုလုပ်ကြရန်၊ မလိုအပ်ဘဲအိမ်အပြင်သို့ သွားရောက်ခြင်းမပြုလုပ်ရန်၊ လေဝင်လေထွက်ကောင်း သည့်နေရာတွင်နေပါ၊ မိမိတို့၌ ရောဂါပိုးကူးစက် သည်ဟုသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ် အကြောင်းကြားပြီး ဆေးကုသမှုခံယူရန်၊ ကာကွယ်ဆေးသည် မိမိအတွက်အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူပါ၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် မိဘပြည်သူများ အားလုံး ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန် စသည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး Hand Speaker ဖြင့် လှည့်လည်နှိုးဆော် အသိပညာပေး ခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)