ကာမိုင်း ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်းခွဲငယ်တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ Talk Show အစီအစဉ်ကို ဒီဇင်ဘာ (၁၄)ရက် နံနက်(၁၀)နာရီတွင် လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပခဲ့သည်။
အစီအစဉ်တွင် ကာမိုင်းမြို့ ကြက်ခြေနီအသင်းခွဲငယ် ဥက္ကဌဦးထွန်းထွန်းဦးက အသင်းစတင် တည်ထောင်ခဲ့သည့် ခုနှစ်နှင့် အသင်း၏ရည်ရွယ်ချက်များကိုလည်းကောင်း၊ မိမိတို့ကြက်ခြေနီ အသင်းခွဲငယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာနှင့်ပက်သက်ပြီး Mask Campaign ဆောင်ရွက်ခြင်း၊ အသိပညာပေးလုပ်ငန်းများ၌ ပူးပေါင်းပါ၀င်ခြင်း၊ လမ်းဆုံဂိတ်၌ အလှည့်ကျ တာ၀န်ယူဆောင်ရွက်ခြင်း၊ ကိုဗစ်ကော်မတီအဖွဲ့၀င်များဖြင့် ပြည်ပမှ၀င် ရောက်လာသူများအား နေရာချထားပေးခြင်း၊ ကာကွယ်ဆေးထိုး စုရပ်နေရာများတွင် အဖွဲ့၀င်များက အပူချိန်တိုင်းခြင်း၊ လက်ဆေးရည် ဖြန်းပေးခြင်း၊ သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများအား ကူညီပံ့ပိုးပေးခြင်း စသည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရ သည်။
လဆိုင်း