ပင်လောင်းမြို့မစျေးတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပင်လောင်း       ဒီဇင်ဘာ   ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးတွင် စျေးရောင်းချသူများနှင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်း ကော်မတီမှထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ စစ်ဆေး ခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ဆေးမှုတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ၀န်ထမ်းများ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့၀င် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ အဖြူရောင်လူငယ် ပရဟိတအဖွဲ့၀င်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရှိ/မရှိ၊RDT Test Kit ဖြင့် စစ်ဆေးထားမှုရှိ/မရှိ သက်သေခံ လက်မှတ်များကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထွန်းလင်း(ပင်လောင်း)

မြို့နယ်(ပြန်/ဆက်)