ချောက်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ချောက်   ဒီဇင်ဘာ    ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ စွယ်ပေါက္ကံအုပ်စု၊ ထန်းခြောက်ပင် ကျေးရွာအသောက ဓမ္မဗိမာန်၌ ဒေသခံပြည်သူများသို့ ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့က ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ချောက်မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးအောင်ဇော်တင့် ဦးဆောင်သည့် ဝန်ထမ်းများမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်သူ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်ပေးနေမှု ဆောင်ရွက်ချက်တို့အား နားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် စွယ်ပေါက္ကံအုပ်စု၊ ထန်းခြောက်ပင်ကျေးရွာတွင်  အိမ်ထောင်စု(၅၀)စု၊ လူဦးရေ(၁၀၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၀)ကတ်ပြား ကို နေချင်းပြီးပြုလုပ်ပေးပြီး ချောက်မြို့နယ် အတွင်းရှိ ပြည်သူများ နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်လိုပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး မှတစ်ဆင့် လာရောက်ပြုလုပ်နိုင်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)