ဓနုဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း ဆောင်ရွက်

ဓနုဖြူ            ဒီဇင်ဘာ       ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်း များကို ယနေ့ နံနက်()နာရီ (၃၀)မိနစ် အချိန်က ဆောင်ရွက်ခဲ့သည်။

ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များ မီးဘေးလုံခြုံရေး စစ်ဆေး အကြံပြုခြင်းများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးဌေးမောင် ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးအရာရှိ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ မြို့နယ်လျှပ်စစ်ဦးစီးဌာနတို့ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)