သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းအား ရှမ်း၊ မြန်မာ(၂)ဘာသာဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်

သီပေါ  ဒီဇင်ဘာ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးအသိပညာပေး  နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက တုံစင့်ကျေးရွာနှင့် စံဖိတ်ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ မိမိကစ၍ ကာကွယ်နိုင်ရန်အတွက် တတ်နိုင်သလောက် အိမ်မှာနေပါ၊ အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကိုမဖြစ်မနေတပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ၊ အချင်းချင်း အသိပေး၊ သတိပေးပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောပါ၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ၊ အိမ်အပြင်သို့ထွက် လေ့ ရှိပါက အိမ်ရှိအသက်အရွယ်ကြီးရင့်သူ၊ နာတာရှည်ရောဂါအခံရှိသူများနှင့်အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ် ပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)မတပ်ဆင်ထားသော ဈေးရောင်းဈေးဝယ်သူများထံမှ ဈေးမဝယ်ပါနှင့်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မပျက်မကွက် အကြိမ်ပြည့်ခံယူပါ၊ ကာကွယ်ဆေးထိုးနှံပြီးသော် လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ပါ၊ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တတ်စွမ်းသရွေ့ စနစ်တကျ ပါဝင်ပူးပေါင်းဆောင်ရွက်ပါ၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ ပေါ်ပေါက် လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူပါစသည့် အချက်များ အား အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ)