ဥတ္တရသီရိ ဒီဇင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးနှင့် ဥတ္တရခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်သီတာဝင်းတို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ရည်ရွယ်ချက် လုပ်ဆောင်ချက်များနှင့် ထောက်ပံ့ပေးအပ်သည့် နှုန်းထားများ၊ သဘာဝဘေးန္တရာယ်အမျိုးအစားများ၊ အများပြည်သူများအနေဖြင့် သဘာဝဘေး အန္တရာယ် ကျရောက်ပြီး မိမိတို့ဌာနကိုဆက်သွယ်၍ အကူညီတောင်းခံနိုင်ရေး ဆက်သွယ်ဆောင်ရွက် နိုင်သည့် နည်းလမ်းများကို အကျယ်တစ်ဝင့်ဆွေးနွေးခဲ့သည်။
ဥတ္တရခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် Online မှတစ်ဆင့် အသိပညာပေးအစီစဉ်များ ရိုက်ကူးထုတ်လွှင့် ပေးလျက် ရှိရာ ယနေ့ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show အပြည့်အစုံကို We Love Ottarathiri page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)