ပုဏ္ဏားကျွန်းမြို့နယ်၌ ဒေသခံပြည်သူ ၇၀၄ ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေးလျက်ရှိ

ပုဏ္ဏားကျွန်း ဒီဇင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသည့် အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ကျောင်းအခြေပြု အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ပဉ္စမအအသုတ်(ပထမ)အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီကစ၍ ပုဏ္ဏားကျွန်း မြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၊ ယိုးတရုပ်တိုက်နယ် ဆေးရုံနှင့် ကွန်းတောင်ကျေးရွာ ကျန်းမာရေး ဌာနတို့၌ ဒေသခံပြည်သူ ၇၀၄ ဦးတို့အား ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းအခြေပြု အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ၁၈၀ ဦးတို့အား Sinovac အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံ ပေးနိုင်ခဲ့ပြီး၊ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုများအလိုက် အဆိုပါ သတ်မှတ်နေရာ များတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ၊ ဒေသခံပြည်သူ ၃၄၇၈ ဦးတို့ကို Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါကာကွယ်ဆေးများ ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမှီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာပေးခြင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ သတ်မှတ် နေရာများ အသီးသီးတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ Volunteer ပရဟိတ စေတနာ့ဝန်ထမ်းများက လိုအပ်သည့် နေရာများတွင် ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)