ညောင်တုန်း ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ (၂)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းစံတို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းထားရှိမှု၊ မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးများအကြောင်းနှင့် ဘေးအန္တရာယ်ခံစားရသူများအား ထောက်ပံ့ပေးသည့် နှုန်းထားများစသည့် အကြောင်းအရာတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)