သံဖြူဇရပ် ဒီဇင်ဘာ ၂၀
မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ပြည်သူ့အကျိုးပြု မှတ်တမ်းဓါတ်ပုံများ၊ နေ့ထူးနေ့မြတ်နှင့် ဆိုင်သည့် အကြောင်းအရာများကို လစဉ်ပြသ ပေးလျက်ရှိသကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေလုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါ မှတ်တမ်းဓာတ်ပုံများကိုလည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ပြသပေးထားကြောင်း သိရသည်။
အဆိုပါနံရံကပ် ပြဘုတ်တွင် ပြသထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေလုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်အကောင်ထည်ဖော် ဆောင်ရွက် ချက်များကို ပြည်သူများ အလွယ်တကူ ကြည့်ရှုနိုင်စေရန်အတွက် မှတ်တမ်းဓာတ်ပုံများ အား ဗီနိုင်းပိုစတာကြီးဖြင့် ပြသပေးထားရာ စာဖတ်ပရိတ်သတ်များ၊ လမ်းသွား၊ လမ်းလာ ပြည်သူများကလည်း စိတ်ပါဝင်စားစွာ ဝင်ရောက်ကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)