ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူးမြင့်လွင်နှင့် တာဝန်ရှိသူများ သည် ဒဂုံမှော်ကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာရှိ တောင်သဦးစိန်မောင်း၏ စီးပွားဖြစ် ဝက်မွေး မြူရေးခြံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဝက်ခြံ၏ဖွဲ့စည်းတည် ဆောက်မှုစနစ်ကျနမှုရှိ/မရှိ၊ ပတ်ဝန်းကျင် ထိခိုက်နိုင်သည့် အနံ့ဆိုးများ ထွက်ရှိမှုရှိ/မရှိနှင့် ဝက်များအတွက် ကျန်းမာရေးအခြေအနေနှင့် ကာကွယ်ဆေးများ ထိုးနှံထားရှိမှုအခြေအနေ၊ အစာများအား စနစ်တကျကျွေးနေမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ပါက ပညာရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ မှာကြားခဲသည်။
အဆိုပါ စီးပွားဖြစ်မွေးမြူထားသောဝက်များမှာ (ပက်ရှိုင်းယား၊ဝိုင်၊ ဂျူး) စသည့် ဝက် အမျိုးအစားများဖြစ်ပြီး အကောင်( ၇၀)ခန့်အား စနစ်တကျမွေးမြူထားခြင်းဖြစ်ကြောင်း သိရသည်။
နင်လင်း(ပြန်/ဆက်)