မက်မန်းဒီဇင်ဘာ ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မက်မန်းခရိုင် Community Centre ခန်းမတွင် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်တားဆီးရေး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရယ် ကာကွယ်ရေးအသိပညာပေး Online Talk Show အစီအစဉ်အား ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
အဆိုပါ သဘာဝဘေးအန္တရာယ်အသိပညာပေး Online Talk Show အစီအစဉ်တွင် မြို့နယ်မီးသတ်ဉီးစီးဌာနမှ ဉီးစီးအရာရှိ ဉီးရန်ပိုင်ဖြိုးက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးနှင့်ပတ်သက်၍ ပြည်သူများသိသင့်သိထိုက် သည်များကို မေးမြန်းခဲ့ရာ သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအတွက်မိမိတို့ ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်၊ မြေယာအသုံး ချမှုများ စနစ်တကျဆောင်ရွက်ရန် အဆောက်အအုံများ ဆောက်လုပ်ရာတွင် စံသတ်မှတ်ရန်၊ ကြိုတင်သတိပေး စနစ်များ ထူထောင် ခြင်း၊ ပြည်သူလူထုအတွင်း သဘာဝဘေး အသိပညာပေး ဖြန့်ဖြူးခြင်း၊ ပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးမှုများကို ပြည်သူ လူထုမှ လိုက်နာဆောင်ရွက်ကြ စေရန် ဆွေးနွေးပြောကြားပါသည်။
သဘာဝဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မိမိတို့ဌာနမှလည်း ဌာနဆိုင်ရာများနင့် ပူးပေါင်း၍ လိုက်လံအသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)