လေးမျက်နှာမြို့နယ်တွင် ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကျင်းပ

လေးမျက်နှာ ဒီဇင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ကိုယ်လက် ကျမ်းမာရေးလေ့ကျင့်ခန်း ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

လေးမျက်နှာမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချူပ်ရေးမှူးများ၊ ကျောင်းသားကျောင်းသူများ နှင့် မြို့နယ်အတွင်းရှိ ပြည်သူများစုစုပေါင်းအင်းအား(၈၀)ဦးခန့်ပါဝင်ဆင်နွဲခဲ့ပြီး လေးမျက်နှာဗိုလ်ချူပ်လမ်းဆုံစုရပ်မှ လေးမျက်မြို့နယ်ငဝန်မြစ်ကူးတံတားထိပ် အထိ ပြုလုပ်ခဲ့သည်။

လေးမျက်နှာမြို့နယ်အနေဖြင့် ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ ဒီဇင်ဘာအားကစား ပြိုင်ပွဲများအားကျင်းပ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)