ကလေးမြို့တွင် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် များဆောင်ရွက်ပေး

 

ကလေး ဒီဇင်ဘာ၂၇

စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့က ကလေးမြို့၊ မြို့သာရပ်ကွက် သာသနာ့ဂုဏ်ရည်ကျောင်း၊ ဓမ္မာရုံတွင် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ပေးရာသို့ ကလေးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှစိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန  ခရိုင်ဦစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးထွန်း၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်စိုးတို့မှ လှည့်လည်ကြည့်ရှုခဲ့ကြပြီး ပန်းခင်းစီမံချက် ဆောင်ရွက်ပေးရာတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် အသက်(၁၆)နှစ်ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ ပျောက်ဆုံးပျက်စီးသူများအား မိတ္တူ ပြုလုပ် ပေးခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉  ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ကျော်(ပြန်/ဆက်)