ဖျာပုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဖျာပုံ     ဒီဇင်ဘာ      ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့  အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများအား မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး      ဦးသက်ထားမောင်မှ  မြို့ နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား      အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်ရမည့် လုပ်ငန်းဆိုင်ရာများအား ဌာနအလိုက် ဆောင်ရွက် ရမည့် အစီအမံများအား ဆွေးနွေးရာ သက်ဆိုင်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက အသီးသီးဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။ အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြကြောင်း သိရှိရသည်။

 အောင်ဝင်းနိုင်