လားရိူးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အခြေခံပညာကျောင်းများ၌ အားကစား ဆိုင်ရာ အသိပညာပေးဟောပြော

လားရှိုး ဒီဇင်ဘာ ၃၀

လားရိူးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အထက (ခွဲ) အလက(၇) ကျောင်း၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး​ဟောပြောပွဲ၌ လားရှိုးမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မြို့နယ်အားကာမှူး ဒေါ်ချောစုစုအောင်က အားကစားနှင့် ပတ်သက်သည်များကို ရှင်းလင်းဟောပြောပေးခဲ့ပြီး အားကစားပစ္စည်းများဖြစ်သော ဘော်လုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း များအတွက် အားကစားပစ္စည်းများ ကို ထောက်ပံ့ပေးအပ်ခဲ့ရာ ကာယဆရာမဒေါ်လှလှမော်က လက်ခံရယူခဲ့သည်။

ထို့နောက် အားကာမှူးနှင့်အဖွဲ့က ဦးဆောင်ကာ tautness dance ကို သရုပ်ပြကပြခဲ့ရာ၌ အထက(ခွဲ)အလက(၇)မှ ကျောင်းသား၊ ကျောင်းသူ(၈၀၀)ဦး ကျော် ပါဝင်သရုပ်ပြသခဲ့ကြကြောင်း သိရသည်။

မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနအနေဖြင့် အဆိုပါသရုပ်ပြကပြခြင်းများနှင့် အသိပညာပေးဟောပြောပွဲများကို သတ်မှတ်ရက်များအလိုက် လားရှိုးမြို့ ရှိ အခြေခံပညာကျောင်းများသို့ လှည့်လည်ဟောပြောခဲ့ကြောင်း သိရသည်။

ဟန်ဌေး